Tuesday 22 January 2013

ရေအားလျှပ်စစ် တည်ဆောက်နေသည့် ကုမ္ပဏီမှ နန်းဖဲရွာအတွက် လျှပ်စစ်မီးနှင့် လမ်း လှူဒါန်းမည်

လောပိတ အမှတ် (၃) ရေအားလျှပ်စစ် တည်ဆောက်နေတဲ့ အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်က ကယား(ကရင်နီ)ပြည်နယ် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာတွင် ရေအားလျှပ်စစ်ထုတ်လုပ်ပေးမည့် အသေးစား နှင့် လမ်းပန်းဆက်သွယ်ရေးအတွက်ကိုလည်း တပါတည်း လှူဒါန်း ပြုလုပ်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ၎င်းကုမ္ပဏီမှ လက်ထောက်အင်ဂျင်နီယာ (AE) ကိုလှမင်းထွေးက ပြောပါတယ်။
“တစ်နှစ်ဆိုရင် ရေကဘယ်လောက်စီးဆင်းလဲဆိုတာတွေ သွားတိုင်းတယ် နန်းဖဲချောင်းမှာပါ ကျနော်တို့ ကုမ္ပဏီက သွားတိုင်းတာ လှူတာပါ သူတို့က ဝန်ကြီးကိုတောင်းဆိုတာ ကျနော်တို့က သွားလှူပေးမှာပါ အဲဒီဒေသအတွင်းတော့သုံးလို့ရမယ် ရွာတရွာအတွက် သုံးလို့ရမယ်” လို့ ပြောပါတယ်။

နန်းဖဲကျေးရွာမှ ဒေသခံတွေက ပြည်နယ်အစိုးရထံတင်ပြ အကူအညီတောင်းဆိုထားချက်အရ ပြည်နယ်အစိုးရမှတဆင့် အနာဂတ် စွမ်းအားကုမ္ပဏီ လုပ်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
နန်းဖဲချောင်သို့ အသေးစား ရေအားလျှပ်စစ်ထုတ်ပေးနိုင်သည့် စက်ကိုထူထောင်ဖို့အတွက် နန်းဖဲချောင်းသို့ လျှပ်စစ်အင်ဂျင်နီယာများက သွားရောက်တိုင်းတာလေ့လာရာမှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်းနှင့် တနှစ်ပါတ်လုံး မီးရရှိနိုင်ဖို့အတွက် အခက်အခဲ ရှိကြောင်း ပြောပါတယ်။
“တခုအခက်အခဲရှိတာက နွေရာသီဆိုရင်ဒီစက်တွေကလည်လို့မရဘူး အဲဒီချောင်းကရေက ရေအားနည်းတယ်။ နွေကော မိုးကောဆောင်းကော လည်လို့ရရင်ကောင်းတယ် စက်ကြီးသွားထားပြီး နွေကမရဘူးဆိုရင် မတန်ဘူး ဒါကြောင့် ပိုအဆင်ပြေနိုင်မည့်နေရာကို နေရာလိုက်ရွေးနေတယ်။ အမှန်ကတော့ ဖြစ်စေချင်တာက ၁၂ ရာသီလုံးလည်နိုင်တဲ့အနေအထားဆို ပိုကောင်းတာပေါ့” ကိုလှမင်းထွေးက ပြောပါတယ်။
ထိုသို့ နန်းဖဲချောင်းသို့ ရေအားလျှပ်စစ်အသေးစား စက်ရုံထူထောင်ပေးဖို့ သွားရမည့် လမ်းပန်းဆက်သွယ်ရေး အတွက်ကိုလည်း တပါတည်း ဖောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီမှ အငယ်တန်းအင်ဂျင်နီယာ (SAE) ကိုဂေးဒီယန်ဆော်ရယ်က ပြောပါတယ်။
ကိုဂေးဒီယန်ဆော်ရယ်က “ လမ်းသွားဖောက်မည့် သောခူရွာ ကိုလည်း ၆ ပေလမ်း ကျနော်တို့လုပ်မယ် အဲဒါဆိုရင် သံပိုက်တွေ ပစ္စည်းတွေဘာတွေ လုပ်ဖို့ သယ်ဖို့ လွယ်ကူတယ် တလမ်းသွားလေးပါ။ နန်းဖဲဘက်မှာ လမ်းလှူမယ် လမ်းပန်းဆက်သွယ်ရေးအတွက်ပေါ့ ရွာတချို့နေရာလည်းသူတို့ လူနဲ့သွားတယ် တချို့နေရာလည်း အဆင်ပြေသွားမယ် ဘေးပတ်ဝန်းကျင်က ရွာတွေပေါ့” လို့ ပြောပါတယ်။
နန်းဖဲရွာ၏ အနောက်ဘက်ခြမ်းတွင် ဖောက်လုပ်မည့်လမ်းမှာ ဒေသခံတွေ၏ တောင်းဆိုထားသည့်လမ်းအရ ခန့်မန်းခြေ မိုင် ၂၀ ရှိပြီး ကျောက်ချောလမ်း ခင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစား ရေအားလျှပ်စစ်မှာတော့ Power 500/600 KW ဖြင့်ရွာအတွက်သာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment


Karenni religious

Karenni religious
Karenni traditional culture

Your ideal