ကရင်နီပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ကျေးရွာအနေနဲ့ ဒီးကူပွဲတော်ရိုးရာကို
ပြန်လည်ထိန်းသိမ်းဖို့ ပထမဦးဆုံး ဒီမောဆိုမြို့နယ် ဆိုဘောသဲကျေးရွာမှာ ဒီးကူပွဲကို အခမ်းအနားနှင့်တကွ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဆိုဘောသဲကျေးရွာ၌ ဒီးကူပွဲအခမ်းအနားကျင်းပစဉ် (ဓါတ်ပုံ-ကေတီ)
လူမျိုးတမျိုးဖြစ်နေတဲ့အတွက်ကြောင့် လူတိုင်းမှာကိုယ့်ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ဆိုတာရှိ
နေစမြဲဖြစ်တဲ့အတွက်ကြောင့် ယခင်က ဒီးကူရိုးရာပွဲတော်ကို
ကျင်းပပြုလုပ်ခြင်းမရှိခဲ့ကြလို့ လူငယ်တွေ ပြန်လည်သိရှိလာအောင်
ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဒီးကူပွဲဖြစ်မြောက်ရေးကို ဦးစီးဆောင်ရွက်နေတဲ့ လူငယ်ခေါင်းဆောင် ဆရာဟေဗလုသောင်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။